ပီရူး၌ နှစ် ၃၅၀၀ သက်တမ်းရှိမြို့ဟောင်း တူးဖော်တွေ့ရှိ
ပီရူးနိုင်ငံမြောက်ပိုင်း ပာရန်ကာပြည်နယ်မှာ သမိုင်းဝင်မြို့ဟောင်းတစ်မြို့ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တွေက ကြေညာခဲ့ကြပါတယ်။နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ပေညီကို(Peñico)လို့ အမည်ရတဲ့မြို့ဟာ အင်န်ဒီးစ်တောင်တန်းနဲ့ အမေဇုန်မြစ်ဝှမ်း တွေမှာ နေထိုင်ခဲ့သူတွေနဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ခဲ့သူတွေကို ဆက်သွယ်ပေးတဲ့ အဓိက ကုန်သွယ်ရေးအချက်အချာမြို့ ဖြစ်ခဲ့တယ်လို့ ...

