ရန်ကုန်မြစ် ထူးကဲဒီရေတက်နိုင်သော်လည်း စိုးရိမ်စရာမရှိ
ရန်ကုန်မြစ်အတွင်း တစ်ပတ်ကြာထူးကဲဒီရေတက်နိုင်ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးချက်ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ (၁၇)ရက်ကနေ (၂၃)ရက်အထိ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေခန့်ကနေ ၂၁ ဒသမ ၇၂ ပေခန့်အထိ သာမန်ထက်ထူးကဲဒီရေတက်နိုင်တာလို့ဆိုပါတယ်။ ...