ဆွီဒင်အိုးပင်းတင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှု အတွက်ကျေနပ်တယ်လို့ စပိန်တင်းနစ်သမား နာဒယ်က ပြောကြားလိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် နာဒယ်ဟာ ၂၀၂၂ ပြင်သစ်အိုးပင်းနောက်ပိုင်း ပထမဆုံးချန်ပီယံဆုမျှော်လင့်ချက်အဖြစ် ဆွီဒင်အိုးပင်းဗိုလ်လုပွဲကို ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပေမယ့် ပေါ်တူဂီနိုင်ငံသား နူနိုဘော်ဂတ်စ်ကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
နာဒယ်က အခုပြိုင်ပွဲ ကာလအတွင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ဗိုလ်လုပွဲ မှာ အကောင်းဆုံးပုံစံ မရခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်လို့ ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက်တော့ ဆွီဒင်အိုးပင်းပြိုင်ပွဲက အကောင်းဆုံးပြင် ဆင်မှုဖြစ်စေခဲ့တယ် လို့ နာဒယ်ကပြောသွားခဲ့ပါတယ်။
နာဒယ်ဟာ ၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲ တင်းနစ်ပြိုင် ပွဲမှာ တစ်ဦးချင်း ရွှေတံဆိပ်ဆုရခဲ့သလို ၂၀၁၆ ရီယိုအိုလံ ပစ်ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရရှိထားခဲ့ တာပါ။
နာဒယ်ဟာ ၂၀၂၄ ပဲရစ်အိုလံပစ် ပြိုင်ပွဲ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်-၂ စပိန်တင်းနစ် သမား အယ်ကာရက်ဇ်နဲ့ ဝင်ရောက်ယှဉ် ပြိုင်မှာဖြစ်ပါတယ်။