ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ် ဘီလာရုစ်နိုင်ငံသူ ဆာဘာလန်ကာဟာ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်မယ့် ကနေဒါ အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆာဘာလန်ကာဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ရသလို ဩစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာ ဒုတိယနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုနှစ်တင်းနစ်ရာသီရဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ယူအက်စ်အိုးပင်းမှာ အောင်မြင်မှုရဖို့ ပစ်မှတ်ထား နေတာဖြစ်ပြီး ပွဲပန်းမှုကို ရှောင်လွှဲနိုင်ဖို့အတွက် ယူအက်စ်အိုးပင်းအကြိုပြိုင်ပွဲဖြစ်တဲ့ ကနေဒါအိုးပင်းပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် ဂရင်းစလမ်ပြိုင်ပွဲ ၃ ခုမှာ ချန်ပီယံဆုနဲ့ ဝေးကွာ ခဲ့ရတဲ့ ဆာဘာလန်ကာဟာ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာတော့ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်နေ တာလည်းဖြစ်ပါတယ်။ ကနေဒါ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်ရတယ်ဆိုပေမယ့် လာမယ့်နှစ် ပြိုင်ပွဲ မှာတော့ ပြန်ဆုံတွေ့နိုင်ဖို့မျှော်လင့်ပါတယ်လို့ ဆာဘာလန်ကာက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ပွဲစဉ်တွေကို တောက်လျှောက်ယှဉ်ပြိုင်ခဲ့တဲ့ အကျိုးဆက်အဖြစ်နဲ့ ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်မှာ အကောင်းဆုံး လက်စွမ်းကို မပြသနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆာဘာလန်ကာက ဝန်ခံသွားပါတယ်။