ချက်ဇ်နိုင်ငံ အော့စ်ထရာဗာမြို့မှာ ကျင်းပခဲ့တဲ့ ဂိုးဒင်းစပိုက်ခ် ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသား မီတာ ၂၀၀ ပြေးပွဲမှာ ဩစတြေးလျနိုင်ငံသား ဂေါက်ဂေါက်က စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဂေါက်ဂေါက်ဟာ ဥရောပပြိုင်ပွဲ ပထမဆုံးအကြိမ် ဝင်ပြိုင်မှုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မီတာ ၂၀၀ ကို ၂၀ ဒသမ ၀၂ စက္ကန့်နဲ့ ပြေးသွားခဲ့ပြီး ဩစတြေးလျနိုင်ငံသားတွေထဲ အမြန်ဆုံး ပြေးနိုင်သူ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာတော့ ပေါ်တူဂီဖွား ကျူးဘားနိုင်ငံသား မီနာနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး မီနာကလည်း ပြီးခဲ့တဲ့ ဒိုင်းမွန်းလိဂ် မီတာ ၂၀၀ ပြေးပွဲတွေမှာ ပထမဆုတွေကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ မီနာက ၂၀ ဒသမ ၁၉ စက္ကန့်နဲ့ ဒုတိယနေရာရခဲ့ပြီး ဗြိတိန်နိုင်ငံသား ဘလိတ်ခ်က ၂၀ ဒသမ ၆၀ စက္ကန့်နဲ့ တတိယ အသီးသီးရခဲ့ကြပါတယ်။

ကမ္ဘာ့အမြန်ဆုံး အပြေး သမား အူစိန်ဘော့နဲ့ ခိုင်းနှိုင်းချီးကျူးတာ ခံထားရတဲ့ ဂေါက်ဂေါက်အတွက် အခုပြိုင်ပွဲ စံချိန်က သူ့ရဲ့ ကစားသမား ဘဝ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ အကောင်းဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အူစိန်ဘော့ရဲ့ မီတာ ၂၀၀ စံချိန်ဖြစ်တဲ့ ၁၉ ဒသမ ၉၃ စက္ကန့်ကို လိုက်မီဖို့တော့ ဂေါက်ဂေါက် ကြိုးစားရဦးမှာ ဖြစ်ပါတယ်။