ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့ ၂၀၂၅ အာဆီယံချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ဩစတြေးလျယူ-၂၃အမျိုးသမီးအသင်းတို့ ဩဂုတ်၇ရက်၊ မြန်မာစံတော်ချိန်ညနေ၄နာရီက ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဩစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အခုပွဲစဉ်ဟာ အုပ်စု(B)ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံးက အနိုင်ရဖို့ ကြိုးစားခဲ့ပြီး မြန်မာအသင်းက ရရှိတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့သလို နောက်တန်းကလည်း ဩစတြေးလျအသင်းရဲ့ ထိုးဖောက်မှုတွေကို အကောင်းဆုံးဟန့်တားနိုင်ခဲ့တာကြောင့် အနိုင်ရခဲ့တာပါ။

မြန်မာအသင်းအတွက်ဂိုးတွေကို ပွဲကစားချိန် ၃၂မိနစ်မှာ မေသက်မွန်မြင့်၊ ၄၇မိနစ်မှာ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့ပြီး ဩစတြေးလျအသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန်၈၄မိနစ်မှာ ဝုဒ်ဂိတ် ဖာဖီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အုပ်စုအဖွင့်ပွဲမှာ အနိုင်ရသွားတဲ့ မြန်မာအသင်းဟာ ဩဂုတ်၁၀ရက်မှာ တီမော၊ ဩဂုတ်၁၃ရက်မှာ ဖိလစ်ပိုင် အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။




