ဘုန်းမောက်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဆီမန်ညိုကို ၂၀၃၀ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆို လိုက်တယ်လို့ ဇူလိုင်လ ၁ ရက်က ကြေညာလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂါနာလက်ရွေးစင် ဆီမန်ညိုဟာ ၂၀၂၃ ဇန်နဝါရီမှာ ဘရစ္စတိုးစီးတီးအသင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဘုန်းမောက်အသင်းအတွက် သွင်းဂိုး ၁၃ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့လို့လည်း ဆီမန်ညိုကို မန်ယူ၊ လီဗာပူးနဲ့ စပါးအပါအဝင် အသင်းကြီးတွေက စိတ်ဝင်စားလာခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း ဘုန်းမောက်အသင်းဟာ ဆီမန်ညိုကို အခုလို သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရာသီအတွက် ရာသီကြိုပြင်ဆင်မှုတွေ မစခင်မှာပဲ အခုလိုမျိုး စာချုပ်သစ်ချုပ်ဆို နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆီမန်ညိုက ပြောသွားပါတယ်။ ဆီမန်ညိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ သတင်းက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကာကက်ဇ်၊ ဟွိုင်ဆန်တို့ကို လက်လွှတ်ထားခဲ့ရတဲ့ ဘုန်းမောက်အသင်း ပရိသတ် တွေအတွက် သတင်းကောင်းဖြစ်ခဲ့သလို နည်းပြ အိုင်ရာအိုလာအတွက်လည်း အားတက်စရာသတင်း ဖြစ်ခဲ့ပါ တယ်။




