ဥရောပအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲအတွက် အသင်းတွေရဲ့ ၂၃ ဦးစာရင်းကို တင်ခဲ့ရာ နာပိုလီအသင်းလူစာရင်းမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်ဟမ် မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
၂၀၂၃ ခုနှစ်က နာပိုလီအသင်း စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့ရာမှာ သွင်းဂိုး ၂၆ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အိုဆင်ဟမ်ဟာ အခုနွေရာသီမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အသင်းသစ်ကို မရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အိုဆင်ဟမ်နဲ့ နာပိုလီအသင်းတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် သစ်ကို ချုပ်ဆိုထားခဲ့ပေမယ့် စာချုပ်သစ်ချုပ်ပြီး တစ်လအကြာမှာပဲ အသင်းကနေ အိုဆင်ဟမ် ထွက်ဖွယ် ရှိတယ်လို့ နာပိုလီအသင်း ဥက္ကဋ္ဌက ပြောထားခဲ့ဖူးတာပါ။
အိုဆင်ဟမ်ကို ဆော်ဒီကလပ် အယ်အာလီအသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းတို့ စိတ်ဝင်စားခဲ့ပေမယ့် အိုဆင်ဟမ်ဘက်က လစာလျှော့ယူပေးဖို့ကို ငြင်းခဲ့တဲ့အတွက် အပြောင်းအရွှေ့က ပျက်သွားခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းကလည်း အိုဆင်ဟမ်ရဲ့နေရာ အတွက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူထားပြီးဖြစ်လို့ အခုလိုလူစာရင်းကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။