ဘုန်းမောက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ စပိန်ဂိုးသမားကီပါကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၂၉)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
ကီပါဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်အသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရသလို အခုဘောလုံးရာသီမှာလည်း ချယ်လ်ဆီးအသင်းက အငှားချဖို့ အတွက် ထပ်မံဆုံးဖြတ်ခဲ့တာပါ။
(၂၀၁၈)ခုနှစ်မှာ ဘီဘာအိုအသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကီပါနဲ့ ချယ်လ်ဆီးအသင်းရဲ့စာချုပ်က (၂၀၂၅)ခုနှစ်အကုန်မှာ ပြီးဆုံးမှာဖြစ်တာကြောင့် ဘုန်းမောက်အသင်းကို မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးအသင်းက (၁)နှစ်စာချုပ်သက်တမ်း တိုးခဲ့ပါသေးတယ်။
ဘုန်းမောက်အသင်းရဲ့ နည်းပြ အိုင်ရာအိုလာနဲ့တွေ့ဆုံပြီးနောက် အငှားနဲ့ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကီပါက ပြောပါတယ်။
အသင်းသစ်နဲ့အတူ အခုရာသီမှာ ရလဒ်ကောင်းရဖို့ မျှော်လင့်မိသလို အကောင်းဆုံးကစားသွားဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ ကီပါက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။