ဂျပန်တင်းနစ်မယ် အိုဆာကာဟာ ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်မှာပဲ ပြိုင်ဘက် ကို ရှုံးနိမ့်ပြီး ထွက်လိုက်ရပါတယ်။
ဒုတိယအဆင့်ပွဲစဉ်မှာ ချက်တင်းနစ်မယ် မူချိုဗာက ယူအက်စ်အိုးပင်း ချန်ပီယံ ဆုကို ၂ ကြိမ်ရရှိထားတဲ့ အိုဆာကာကို လက်စွမ်းအသာစီးနဲ့ ကစားခဲ့ပြီး (၆း၃၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူသွားခဲ့ တာဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မူချိုဗာက အဆင့် ၅၂ ဖြစ်ပြီး အိုဆာကာက အဆင့် ၈၈ ဖြစ်ပေ မယ့် ဂရင်းစလမ်ချန်ပီယံဆုတွေရခဲ့ဖူးတဲ့ အိုဆာကာကြောင့် အခုပွဲမှာ အိုဆာကာအနိုင်ရဖို့ကို အလေးပေးခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်းပွဲကစားချိန်မှာ မီးဖွားမှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် တင်းနစ် ကစားတာကနေ ၁ နှစ်ကျော်အနားယူပြီးမှ ပြန်ကစားတဲ့ အိုဆာကာရဲ့ စွမ်းဆောင်ရည်က ပုံမှန်လက်စွမ်းမှာ မရှိခဲ့ပါဘူး။
အသက် ၂၆ နှစ်အရွယ် အိုဆာကာဟာ ပွဲချိန်ကြာလာတာနဲ့အမျှ တည်ငြိမ်မှု ပျောက်ဆုံးလာခဲ့ပြီး မူချိုဗာရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါတယ်။
အခုနှစ် ဩစတြေးလျအိုးပင်းမှာ ပထမအဆင့်က ထွက်ခဲ့ရသလို အခြား ဂရင်းစလမ်ပြိုင်ပွဲ ၃ ခုဖြစ်တဲ့ ပြင်သစ်အိုးပင်း၊ ဝင်ဘယ်ဒန်နဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာလည်း ဒုတိယအဆင့် က ထွက်ခဲ့ရတာကြောင့် အိုဆာကာအတွက် စိတ်ပျက်စရာ တင်းနစ်ရာသီဖြစ်ခဲ့ပါတယ်။