တရုတ်နိုင်ငံဟာ (၂၀၂၄)ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ ရွှေ့တံဆိပ်ရရှိမှုစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ ဩဂုတ်လ(၂)ရက်နေ့မှာ ဖော်ပြခဲ့တဲ့ အိုလံပစ်ကော်မတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
(၂၀၂၄)ပဲရစ်အိုလံပစ် ပြိုင်ပွဲကို ပြင်သစ်နိုင်ငံမှာ ဇူလိုင်လ(၂၆)ရက်က စတင်ကျင်းပနေတာဖြစ်ပြီး အခုအချိန်မှာတော့ တရုတ်နိုင်ငံက ရွှေ့တံဆိပ်ရရှိမှုစာရင်းမှာ ဦးဆောင်နေခဲ့တာပါ။
အခုပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိမှုအရေအတွက် အများဆုံးအသင်း အဖြစ် အမေရိကန်နိုင်ငံက ဆုတံဆိပ်ပေါင်း(၄၃)ခုနဲ့ ရပ်တည်နေပေမယ့် ရွှေတံဆိပ်(၉)ခုပဲ ရခဲ့တာမလို့ အဆင့် ရပ်တည်မှုမှာ စတုတ္ထနေရာသာ ရရှိခဲ့ပါတယ်။
တရုတ်အသင်းကတော့ ဆုတံဆိပ်(၃၁)ခုရရှိထားသလို ရွှေတံဆိပ် (၁၃)ခုနဲ့အတူ အဆင့်ရပ်တည်မှုမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့ပါတယ်။ အိမ်ရှင်ပြင်သစ်အသင်းကတော့ ရွှေတံဆိပ်(၁၁)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၃)ခု၊ စုစုပေါင်ဆုတံဆိပ်(၃၆)ခုနဲ့အတူ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။