မက္ကဆီကိုလက်ရွေးစင်အသင်းဟာ အသင်းရဲ့နည်းပြသစ် အဂူရီနဲ့ လက်ထောက်နည်းပြ မားကွက်ဇ်တို့ကို ဩဂုတ် လ(၁)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။
မက္ကဆီကိုအသင်းဟာ နည်းပြလိုဇာနိုနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းကိုနည်းပြအဖြစ် (၂)ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ အဂူရီကို နည်းပြသစ်အဖြစ် ပြန်ခန့်ခဲ့တာ ဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း မားကွက်ဇ်ကိုလည်း လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။
မက္ကဆီကို အသင်းကို နည်းပြအဖြစ် (၃)ကြိမ်မြောက်ကိုင်တွယ်မယ့် အဂူရီဟာ (၂၀၀၂)နဲ့ (၂၀၁၀)ခုနှစ်တွေမှာ အသင်းကို ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အသင်းကို အောင်မြင်မှုရအောင် လုပ်ဆောင်ပေးခဲ့တာကြောင့်လည်း မက္ကဆီကို ပရိသတ်တွေက နည်းပြအဂူရီနဲ့ လက်ထောက်နည်းပြ မားကွက်ဇ် တို့ကို (၂၀၂၆)ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
နည်းပြသစ် အဂူရီဟာ လာမယ့်စက်တင်ဘာ(၇)ရက်နေ့မှာ ကစားမယ့် နယူးဇီလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှ စတင်ကာ မက္ကဆီကိုအသင်းကို တာဝန်ယူကိုင်တွယ်သွားမယ်လို့ သိရပါတယ်။