၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားရေကူးပြိုင်ပွဲ မီတာ ၁၀၀ (အလွတ်တန်း) အုပ်စုပွဲစဉ်တွေကို ဇူလိုင်၃၀ရက် ညနေပိုင်းက ကျင်းပခဲ့ပြီး မြန်မာရေကူးကစားသမား ဖုန်းပြည့်ဟန်က အုပ်စု ဒုတိယသာရခဲ့တာကြောင့် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။
ဖုန်းပြည့်ဟန် ပါဝင်ယှဉ်ပြိုင်တဲ့အုပ်စု (၁)မှာ ပါပူအာနယူးဂီနီ အားကစားသမားက ၅၃ ဒသမ ၈၅ စက္ကန့်နဲ့ ပထမရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီး ဖုန်းပြည့်ဟန်က ၅၅ ဒသမ ၅၆ စက္ကန့်နဲ့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အမျိုးသားရေကူးပြိုင်ပွဲ မီတာ ၁၀၀(အလွတ်တန်း)ပြိုင်ပွဲမှာ အုပ်စု ၁၀ ခုရှိပြီး အုပ်စုပထမရတဲ့ကစားသမားတွေပဲ နောက်တစ်ဆင့်ကို တက်ခွင့်ရတာဖြစ်ပါတယ်။
၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ မြန်မာအားကစားသမား ၂ယောက်ဖြစ်တဲ့ သက်ထားသူဇာနဲ့ ဖုန်းပြည့်ဟန်တို့ အားကစားနည်း၂မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲ့ဒီ၂ယောက်စလုံး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာ ခဲ့ရပြီလည်း ဖြစ်ပါတယ်။