ဇူလိုင်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသမီး အသင်းလိုက် ကျွမ်းဘားပြိုင်ပွဲမှာ ဆိုင်မွန် ဘိုင်းစ် ဦးဆောင်တဲ့ အမေရိကန်အသင်းက ရွှေတံဆိပ်ဆုရခဲ့ပါတယ်။
ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်မှာ ပြိုင်ပွဲဝင်ပြိုင်နေရင်း ကျန်းမာရေးအခြေအနေကြောင့် အသင်းက ထွက်ခွာသွားခဲ့ပြီးနောက် ၃ နှစ်ကြာ အနားယူနေခဲ့တဲ့ ဆိုင်မွန်ဘိုင်းစ်ဟာ ပြန်ကစားချိန်မှာ အမေရိကန်အသင်းကို အိုလံပစ်ရွှေတံဆိပ်ဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာ ပြင်သစ်အသင်းက ဗိုလ်လုပွဲ တက်ရောက်ခွင့် မရခဲ့ပေမယ့် ပရိသတ်အများစုဟာ တစ်ကျော့ ပြန်ကစားတဲ့ ဆိုင်မွန်ဘိုင်းစ်ရဲ့ ပြိုင်ပွဲဝင်မှုကို လာရောက်အားပေးခဲ့ကြပါတယ်။
ဗိုလ်လုပွဲမှာ အမေရိကန်အသင်းက အီတလီအသင်းကို အမှတ်အပြတ်အသတ်နဲ့ အသာစီးရခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဆိုင်မွန်ဘိုင်းစ်အတွက်လည်း သူမရဲ့ကစားသမားဘဝ ၅ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆု ဖြစ်ခဲ့ပါတယ်။
နာမည်ကြီး ကျွမ်းဘားမယ် အန်ဒရာဒီ ပါဝင်လာတဲ့ ဘရာဇီးအသင်းက တတိယဆုရခဲ့ပြီး ဒါဟာ ဘရာဇီးကျွမ်းဘားအသင်းအတွက် ပထမဆုံး အိုလံပစ်ဆုတံဆိပ်လည်း ဖြစ်ပါတယ်။