ပဲရစ်အိုလံပစ် သုံးမျိုးစပ်အားကစားရဲ့ ရေကူးလေ့ကျင့်ရေးတွေ ပြုလုပ်ရမယ့် စိန့်မြစ်ရဲ့ ရေထုညစ်ညမ်းမှုကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ဖျက်သိမ်းလိုက်ရတယ်လို့ အိုလံပစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပဲရစ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် စိန့်မြစ်ရဲ့ ရေထုညစ်ညမ်းမှုက မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရေကူး၊ အပြေးနဲ့ စက်ဘီးစီး အားကစားတွေ ယှဉ်ပြိုင်ရမယ့် သုံးမျိုးစပ် အားကစားပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ပွဲစဉ်တွေကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် လေ့ကျင့်ရေးအစီအစဉ်တွေ ဖျက်သိမ်းခဲ့ရတာကြောင့် ပွဲစဉ်ကို ပုံမှန်အတိုင်း ကျင်းပနိုင်ဖို့အတွက် အခက် အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
အမျိုးသမီး တစ်ဦးချင်းပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၃၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုအခြေအနေတွေကြောင့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ စကိတ်ဘုတ်ပြိုင်ပွဲကျင်းပမယ့်ရက်ကို နောက်ဆုတ်လိုက်ရတဲ့အတွက် ပွဲစဉ်အချိန်ဇယား အချို့ကို ပြန်လည် ပြင်ဆင်ခဲ့ရသေး တယ်လို့ သိရပါတယ်။