ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းကို UEFA က ဖော်ပြခဲ့ရာမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်အသင်းက ကစား သမား ၆ ယောက်အထိ ပါဝင်ခဲ့ပါတယ်။
အကောင်းဆုံးအသင်းကို နာမည်ကြီးနည်းပြတွေဖြစ်တဲ့ ဘင်နီတက်ဇ်၊ မိုရက်စ်နဲ့ ဆိုးလ်ရှားအပါအဝင် ၁၂ ယောက်ပါတဲ့ ယူအီးအက်ဖ်အေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လေ့လာစောင့်ကြည့် ရေးအဖွဲ့က ရွေးချယ်ခဲ့တာဖြစ်ပြီး စပိန်အသင်းကစားသမားတွေ အများဆုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဂိုးသမား နေရာမှာတော့ ပြင်သစ်အသင်းဂိုးသမား မိုင်နန်က ရွေးချယ်ခံခဲ့ရသလို ခံစစ်မှာဆိုရင်လည်း ဆွစ်ဇာလန်နောက်ခံလူ အကန်ဂျီနဲ့ ပြင်သစ်နောက်ခံလူ ဆာလီဘာ၊ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာနဲ့ အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာတို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဝေါ်လ်ကာကတော့ အခုအသင်းမှာ ဒုတိယရခဲ့တဲ့ အင်္ဂလန်အသင်းကနေ ရွေးချယ်ခံရတဲ့ တစ်ယောက်တည်းသော ကစားသမားဖြစ်ပါတယ်။
ကွင်းလယ်မှာတော့ စပိန်ကွင်းလယ်အတွဲ ဖြစ်တဲ့ ရိုဒရီ၊ အိုလ်မိုနဲ့ ဖေဘီယန်ရုဇ်တို့ ၃ ယောက်စလုံးရွေးချယ်ခံခဲ့ရပြီး တောင်ပံတိုက်စစ်နေရာတွေမှာလည်း စပိန်အသင်းရဲ့ နီကိုဝီလျံနဲ့ လာမိုင်းယာမယ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဂျာမနီတိုက်စစ်မှူး မူစီယာလာကတော့ အကောင်းဆုံးအသင်းရဲ့ တိုက်စစ်တစ်နေရာအတွက် ရွေးချယ်ခံခဲ့ရပြီး အိမ်ရှင်ဂျာမနီအသင်းကနေ ရွေးချယ်ခံရတဲ့ တစ်ယောက်တည်းသော ကစားသမားဖြစ်ခဲ့ပါတယ်။