အမေရိကန်လက်ရွေးစင်အသင်းဟာ အသင်းရဲ့လက်ရှိနည်းပြ ဘာဟယ်တာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ဇူလိုင်လ(၁၀)ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
အမေရိကန်အသင်းဟာ (၂၀၂၄)ကိုပါအမေရိကဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ရပေမဲ့ အုပ်စုအဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် နည်းပြ ဘာဟယ် တာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နည်းပြဘာဟယ်တာဟာ အမေရိကန်လက်ရွေးစင်အသင်းကို (၂၀၁၈)ခုနှစ် ကနေ (၂၀၂၃)ခုနှစ် မတ်လအထိ ပထမအကြိမ် ကိုင်တွယ်ခဲ့ဖူးသလို (၂၀၂၃)ခုနှစ်၊ ဩဂုတ်လမှစတင်ကာ အခု အချိန်ထိ အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ပေးနေတဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ (၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ ဘိုလီးဗီးယား၊ ပနားမားအသင်းတို့နဲ့ တစ်အုပ်စု တည်း ကျရောက်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့အတွက် ရေပန်းစားခဲ့ပေမယ့်လည်း တစ်ပွဲသာ အနိုင်ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ပနားမားအသင်းနဲ့ ပွဲစဉ်မှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာကြောင့်လည်း အမေရိကန်ပရိသတ်တွေက နည်းပြဘာဟယ်တာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြသလို အသင်းကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။