NBA ပြိုင်ပွဲဟာ ဒေါ်လာ ၇၆ ဘီလီယံ တန်ကြေးရှိတဲ့ ၁၁ နှစ်ကြာ ရုပ်သံသဘောတူညီချက်အသစ်ကို သဘောတူ ညီမှု ရခဲ့ပြီးနောက်မှာ NBA ကစားသမားတွေရဲ့ လုပ်ခလစာတွေကလည်း အခုထက်ပိုပြီး တိုးမြှင့်လာ ဖွယ်ရှိနေ တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
သဘောတူညီချက်အတွက် ညှိနှိုင်းမှုထဲမှာ ပါဝင်ခဲ့သူ တစ်ယောက်ရဲ့ ပြောကြားချက်အရ အခုလို သတင်းထွက်လာခဲ့တာဖြစ်ပြီး စာချုပ်ကို အတည်ပြုဖို့အတွက် NBA ပြိုင်ပွဲ ဘုတ်အဖွဲ့ ရဲ့ အတည်ပြုမှုသာ လိုအပ်တော့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅-၂၆ ရာသီမှာ စတင်အသက်ဝင်မယ့် ရုပ်သံ သဘောတူညီချက်အသစ်မှာ လက်ရှိထုတ်လွှင့်ခွင့်ရထားတဲ့ ESPN နဲ့ ABC ရုပ်သံလိုင်းတွေက NBA ပွဲစဉ်တွေကို ဆက်လက် ထုတ်လွှင့်ပြသသွားမှာဖြစ်သလို NBC နဲ့ Amazon Prime တို့မှာလည်း NBA ပွဲတွေကို ကြည့်ရှုနိုင် တော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၈၀ ပြည့်နှစ်ကတည်းက NBA ပွဲစဉ်တွေကို ပြသလာခဲ့တဲ့ TNT Sport ကတော့ လက်ရှိ အချိန်အထိ ညှိနှိုင်းမှုတွေ အဆင်မပြေသေးတဲ့အတွက် ပွဲစဉ်ပြသမှုကနေ ထွက်ခွာသွားရဖွယ်ရှိနေပါတယ်။