၂၀၂၇ ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲတွေကို ၂၀၂၅ ခုနှစ် မတ်လမှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အိမ်ကွင်းသုံးပွဲ အဝေးကွင်းသုံးပွဲ ကစားရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သိရပါတယ်။
မြန်မာအသင်းဟာ အုပ်စု(E)မှာ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေအဖြစ် မြန်မာ့အသင်းဟာ ၂၀၂၅ ခုနှစ်၊ မတ်လကနေ ၂၀၂၆ ခုနှစ်၊ မတ်လ အထိ တစ်နှစ်တာကာလအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ကစားရမှာပါ။
ပွဲစဉ်တွေအနေနဲ့ မြန်မာ့အသင်းဟာ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၅)ရက်မှာ အာဖဂန်နစ္စတန်အသင်းနဲ့ အိမ်ကွင်း ကစား ရမှာဖြစ်ပြီး ဇွန်(၁၀)ရက်မှာတော့ ပါကစ္စတန်အသင်းနဲ့ အဝေးကွင်း၊ အောက်တိုဘာ(၉)ရက်မှာ ဆီးရီးယားအသင်း နဲ့ အိမ်ကွင်း၊ အောက်တိုဘာ(၁၄)ရက်မှာဆီးရီးယားအသင်းနဲ့ အဝေးကွင်း၊ နိုဝင်ဘာ(၁၈)ရက်မှာ အာဖဂန်နစ္စတန် အသင်းနဲ့ အဝေးကွင်း၊ ၂၀၂၆ ခုနှစ်၊ မတ်(၃၁)ရက်မှာ ပါကစ္စတန်အသင်းနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါ တယ်။ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို လေးသင်းခြောက်အုပ်စုခွဲပြီး ကျင်းပသွားမှာဖြစ်ပြီး အုပ်စုတစ်ခုစီ က ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်တယ်လို့ သိရပါတယ်။