လာလီဂါမှာ ရုန်းကန်နေရတဲ့ ဗလန်စီယာအသင်းဟာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ နည်းပြ ဘာရာဂျာကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အလာဗက်စ်အသင်းနဲ့ ၂ ဂိုးစီသရေကျပြီးတဲ့နောက် ဗလန်စီယာ အသင်းဟာ အခုရာသီ လာလီဂါ ၁၇ ပွဲမှာ ၂ ပွဲသာအနိုင်ရထားပြီး တန်းဆင်းဇုန်ထဲက အဆင့် ၁၉ နေရာကို ရောက် ရှိနေတာဖြစ်ပါတယ်။
အသင်းနည်းပြ ဘာရာဂျာရဲ့ တာဝန်ထမ်းဆောင်မှုကို အဆုံးသတ်ဖို့ ကလပ်အသင်းဘက်က ဆုံးဖြတ်လိုက်ပြီး အသင်းအတွက် ဘာရာဂျာရဲ့ စွမ်းဆောင်မှုပေးခဲ့မှုတွေအပေါ် ကျေးဇူးတင်ပါတယ်လို့ ကြေညာ ချက်မှာ ရေးသားထားပါတယ်။ ဗလန်စီယာအသင်းရဲ့ ဂန္ထဝင်ကစားသမားလည်းဖြစ်တဲ့ ဘာရာဂျာဟာ ၂၀၂၃ ဖေဖော်ဝါရီမှာ အသင်းနည်းပြတာဝန်ကို ရယူခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ အသင်းကို အဆင့်- ၉ နေရာ ရပ်တည် နိုင်အောင် ဦးဆောင်ပေးခဲ့တာပါ။
ဒါပေမဲ့ အခုရာသီမှာတော့ ဗလန်စီယာအသင်း ရလဒ်တွေ ဆိုးနေခဲ့သလို တန်းဆင်းဇုန်ထဲလည်း ရောက်နေတာဖြစ်လို့ အခုလိုမျိုး ဘာရာဂျာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ထုတ်ပယ်လိုက်တဲ့ နည်းပြ ဘာရာဂျာရဲ့နေရာမှာ အစားထိုးမယ့်နည်းပြကို အမြန်ဆုံး ရှာဖွေသွားမယ်လို့ ဗလန်စီယာအသင်းရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။