ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဟာ အသင်းရဲ့နည်းပြဟောင်း မာတင်နဲ့လမ်းခွဲအပြီးမှာ ဂျူရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ နည်းပြဂျူရစ်ဟာ ရိုးမားအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ ကမ်းလှမ်းချက်ကိုလက်ခံခဲ့တာပါ။
ဆောက်သမ်တန်အသင်းဟာ နည်းပြဂျူရစ်နဲ့ (၁၈)လသက်တမ်းရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းကိုရလဒ်ကောင်းတွေရအောင် လုပ်ဆောင်ပေးနိုင်လိမ့်လို့ ယုံကြည်နေပါတယ်။ ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့တာက စိန်ခေါ်မှုသစ်တစ်ခုဖြစ်သလို နည်းပြသစ်ဖြစ်လာတာကိုလည်း ဂုဏ်ယူမိတယ်လို့ ဂျူရစ်က ပြောပါတယ်။
ဆောက်သမ်တန်အသင်းဟာ အခုထက်ပိုကောင်းတဲ့အသင်းဖြစ်ဖိုနဲ့ ရလဒ်ကောင်းတွေပြန်ရဖို့အတွက် လုပ်ဆောင်ပေးသွားမယ်လို့ နည်းပြဂျူရစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေခဲ့တဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်(၁၇)ပွဲကစားပြီးချိန်မှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး (၃)ပွဲသရေကျကာ (၁၃)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၂၀)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။