ဒီဇင်ဘာလ(၂၂)ရက်က ကစားခဲ့တဲ့ ရီးရဲလ်အသင်းကို (၄)ဂိုး၊ (၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆီဗီလာအသင်းရဲ့ ဝါရင့်နောက်ခံလူ နာဗက်စ်ဟာ ကစားသမားဘဝကနေ တရားဝင်အနားယူသွားခဲ့ပြီဖြစ်ပါတယ်။
နာဗက်စ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလတည်းက (၂၀၂၄)ခုနှစ်အကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တရားဝင်အနားယူသွားခဲ့တာပါ။ ဆီဗီလာအသင်းခေါင်းဆောင် နာဗက်စ်ဟာ (၂၀၀၃)ခုနှစ်မှာ အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလား(၄)လုံးအပါအဝင် ဖလားစုစုပေါင်း(၉)လုံးအထိ အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နာဗက်စ်နဲ့ ဆီဗီလာအသင်းတို့ရဲ့ စာချုပ်သက်တမ်းက လာမယ့်ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ရီးရဲလ်အသင်းနဲ့ပွဲစဉ်အပြီးမှာ နာဗက်စ်က ကစားသမားဘဝကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ အသက်(၃၉)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နာဗက်စ်ဟာ ဆီဗီလာအသင်းသမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံးကစားသမားလည်းဖြစ်ပါတယ်။ နာဗက်စ်ဟာ စပိန်လက်ရွေးစင် ကစားသမားဘဝမှာလည်း ကမ္ဘာ့ဖလား(၁)ကြိမ်၊ ယူရိုဖလား(၂)ကြိမ်နဲ့ နေးရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။