ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့တဲ့ ကမ္ဘာ့အဆင့်-၁ ဟောင်း ရိုမေးနီးယားတင်းနစ်မယ် ဟာလပ်ကို ၂၀၂၅ ဩစတြေးလျအိုးပင်း ပြိုင်ပွဲ လက်ရည်စစ်ပွဲ ဝင်ပြိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ဟာလပ် ဟာ တားမြစ်ဆေးကျခဲ့မှုကြောင့် ၂၀၂၂ အောက်တိုဘာမှာ ၄ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် အခုနှစ် မတ်လမှာ ပြစ်ဒဏ်ကို ၉ လ အဖြစ်လျှော့ပေါ့ပေးခဲ့လို့ ပွဲပယ်ပြစ်ဒဏ် ပြည့်မြောက်ခဲ့ပြီး တင်းနစ် ပွဲတွေ ပြန်ကစားခွင့်ရခဲ့တာပါ။ အောက်တိုဘာလက ဟောင်ကောင်မှာကျင်းပခဲ့တဲ့ WTA တိုး ပြိုင်ပွဲကို ဟာလပ် ဝင်ပြိုင်ခဲ့ပေမယ့် ပထမအဆင့်မှာပဲ ပြိုင်ဘက်ကို ရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။
ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်ဒန် ချန်ပီယံဟောင်း ဟာလပ်က လက်ရှိမှာ ကမ္ဘာ့အဆင့် ၈၇၇ မှာ ရပ်တည်နေတာဖြစ်ပါတယ်။ ၂၀၂၅ တင်းနစ်ရာသီ အတွက် အခုထဲက ကြိုးစားပြင်ဆင်လေ့ကျင့်မှုတွေ အပြင်းအထန် ပြုလုပ်နေသလို အခုလိုမျိုး ဩစတြေးလျ အိုးပင်းပြိုင်ပွဲကို လက်ရည်စစ်ပွဲကနေ စတင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ ပျော်ရွှင်မိပါတယ်လို့ ဟာလပ်က ပြောကြား ထားပါတယ်။ ၂၀၁၈ ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲမှာ ဝို့ဇ်နီယာစကီကို ရှုံးနိမ့်ပြီး ဒုတိယရခဲ့တာက ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ဟာလပ်ရဲ့ အကောင်းဆုံးမှတ်တမ်းလည်းဖြစ်ခဲ့ပါတယ်။