ဒီဇင်ဘာလ ၊၁၈ ရက်နေ့က ကစားခဲ့တဲ့ မက္ကဆီကိုကလပ် ပချူကာအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီးနောက် အင်တာ ကွန်တီနန်တယ်ဖလား ချန်ပီယံဖြစ်လာခဲ့တာကြောင့် နည်းပြအန်ဆလော့တီဟာ ရီးရဲလ်အသင်းရဲ့ သမိုင်းတစ် လျှောက် အအောင်မြင်ဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။
အင်တာကွန်တီနန်တယ်ဖလားပြိုင်ပွဲကို (၂၀၀၄)ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းက ဗိုလ်လုပွဲစဉ်မှာ ပချူကာအသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ချန်ပီယံဖြစ်လာခဲ့တာပါ။ ကာတာနိုင်ငံမှာကျင်းပတဲ့ ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ် အသင်းအတွက် ဂိုးတွေကို အမ်ဘာပေ၊ ရိုဒရီဂိုနဲ့ ဗီနီစီးယက်စ်ဂျူနီယာတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
ချန်ပီယံဖြစ်လာခဲ့ပြီးနောက် ရီးရဲလ်အသင်းရဲ့နည်းပြဘဝမှာ ဖလားစုစုပေါင်း(၁၅)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ နည်းပြအန်ဆလော့တီဟာ ရီးရဲလ်နည်းပြဟောင်း မူနော့ရဲ့ ဖလား(၁၄)လုံးစံချိန်ကို ကျော်ဖြတ်ကာ အသင်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။
အခုလိုစံချိန်သစ်ကို တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ရီးရဲလ်နည်းပြအန်ဆလော့တီက ပြောပါတယ်။နည်းပြအန်ဆလော့တီဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်(၃)ကြိမ်၊ လာလီဂါ(၂)ကြိမ် အပါအဝင် ဖလားစုစုပေါင်း(၁၅)လုံးအထိ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။