စက်တင်ဘာ ၂၀ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ လေဗာဖလား အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲ ပထမနေ့ အပြီးမှာ ကမ္ဘာ့အသင်းနဲ့ ဥရောပအသင်းတို့ တစ်ဖက် ၂ ပွဲစီအနိုင်နဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ပထမဆုံးပွဲ အဖြစ် တစ်ဦးချင်းပွဲစဉ်မှာ ကမ္ဘာ့အသင်းသား ချီယန်ဒိုလိုနဲ့ ဥရောပအသင်းသား ကက်စ်ပါရုဒ်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ချီရန်ဒိုလိုက (၆း၄၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့လို့ ကမ္ဘာ့အသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပွဲ အဖြစ်ကစားတဲ့ ဆစ်စီပက်စ်နဲ့ ကော့ကီနာကစ်တို့ရဲ့ပွဲစဉ်မှာတော့ ဥရောပအသင်းသား ဆစ်စီပက်စ်က (၆း၁၊၆း၄) နဲ့ ပြန်ပြီးအနိုင်ရခဲ့သလို တတိယပွဲအဖြစ်ကစားတဲ့ တစ်ဦးချင်းပွဲမှာလည်း ဥရောပအသင်းသား ဒီမီထရော့ဗ်က ကမ္ဘာ့အသင်းသား တိုဘီလို,ကို(၇:၆၊၇:၆) ဆိုတဲ့ရလဒ်နဲ့ ထပ်ပြီးအနိုင်ရခဲ့လို့ ပွဲစဉ် ၃ ပွဲယှဉ်ပြိုင်အပြီးမှာ ဥရောပ အသင်းက ကမ္ဘာ့အသင်းကို ၂ ပွဲ-၁ ပွဲနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပထမနေ့ရဲ့ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂ ယောက်တွဲပွဲစဉ်မှာတော့ ဥရောပအသင်းဘက်က အယ်ကာရက်ဇ်နဲ့ ဗီရက်ဗ်တို့အတွဲနဲ့ ကမ္ဘာ့ အသင်းဘက်က ဖရစ်ဇ်နဲ့ ရှဲလ်တန်တို့အတွဲ ကစားခဲ့ကြပါတယ်။
နှစ်ယောက်တွဲပွဲအပြီးမှာ ဖရစ်ဇ်တို့အတွဲက (၇း၆၊၆း၄)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့လို့ ပထမနေ့အပြီးမှာ တစ်ဖက်ကို ၂ ပွဲစီအနိုင်နဲ့အတူ သရေရလဒ်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။