အသက် ၃၉ နှစ်အရွယ် မက္ကဆီကို ဂိုးသမား အိုချိုအာက ပေါ်တူဂီကလပ် AVS အသင်းကို ပြောင်းရွှေ့လာခဲ့တာက မက္ကဆီကို လက်ရွေးစင်အသင်းမှာ ဆက်လက်ရွေးချယ်ခံရဖို့အတွက် ပိုမိုအားကောင်းစေနိုင်သလို ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စံချိန်တင်အဖြစ် ၆ ကြိမ်ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ အမျိုသားကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိ အချိန်အထိ ၆ ကြိမ်ပါဝင်ကစားခွင့်ရထားတဲ့ ကစားသမားတစ်ဦးမှ မရှိသေးဘဲ အမျိုးသမီး ကမ္ဘာ့ဖလားသမိုင်းမှာတော့ ဘရာဇီးကွင်းလယ်လူ ဖော်မီဂါက ၇ ကြိမ်နဲ့ အများဆုံး ပါဝင်ခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။
မက္ကဆီကိုအသင်းနည်းပြသစ် အဂူရီဟာ သူ့လက်ထက်ပထမဆုံးပွဲတွေဖြစ်တဲ့ နိုင်ငံတကာပွဲတွေအတွက် လူစာရင်းရွေးချယ်မှုမှာ အိုချိုအာအပါအဝင် ဝါရင့်ကစားသမားအများစုကို ချန်လှပ် ထားခဲ့တာပါ။
(၂၀၀၆) ကမ္ဘာ့ဖလားကနေစပြီး (၂၀၂၂) ကမ္ဘာ့ဖလားအထိ မက္ကဆီကို လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အိုချိုအာကတော့ ပေါ်တူဂီကလပ်အသင်းမှာ ပုံမှန်နေရာရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မက္ကဆီကိုအသင်းမှာ ပါဝင်ခွင့်ရဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။
၂၀၀၄ မှာ မက္ကဆီကိုအသင်းနဲ့အတူ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ အိုချိုအာဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၅၀ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။