အင်တာမီလန်အသင်းမှာ တိုက်စစ်မှူး မာတီနက်ဇ် ဆက်ရှိနေမှာဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ကာမာနိုက အတည်ပြုလိုက်ပါတယ်။ မီလန်မြို့က အင်တာမီလန်အသင်းရုံးချုပ်ကို ရောက်ရှိနေချိန်မှာ ကာမာနိုက အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဘရာဇီးကလပ် ဖလူမီးနီးစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာမီလန် အသင်းဖော် ကယ်ဟန်နိုဂလူရဲ့ အားထုတ်မှုအပေါ် ဝေဖန်ပြစ်တင် ခဲ့တဲ့ မာတီနက်ဇ် ရဲ့ အင်တာအနာဂတ်က မသေချာတော့ဘူးလို့ သတင်းတွေထွက်လာခဲ့တာပါ။ ကာမာနိုကတော့ ရှုံးပွဲတစ်ခုကို ရရှိပြီးချိန်မှာ မာတီနက်ဇ်ရဲ့ တုန့်ပြန်ပြောကြားမှုက ပုံမှန်အခြေအနေ တစ်ခုသာ ဖြစ်တယ်လို့ ပြောသွားပြီး သူ့ကစားသမားက အင်တာမီလန် အသင်းမှာပဲ ဆက်နေဖို့ကို စိတ်ပိုင်းဖြတ် ထားတယ်လို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် မာတီနက်ဇ်ဟာ ၂၀၁၈ မှာ အင်တာမီလန်အသင်းကို ရောက်ရှိလာတာဖြစ်ပြီး ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ရဲ့ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာပါ။ အင်တာမီလန်အသင်းနဲ့ ဘောလုံးရာသီ ၇ ခု အတွင်း မာတီနက်ဇ်ဟာ ပြိုင်ပွဲစုံ ၃၃၅ ပွဲမှာ ၁၅၃ ဂိုးသွင်းယူ ပေးနိုင်ခဲ့တဲ့ မာတီနက်ဇ်ကို ဥရောပထိပ်တန်းကလပ် တွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အင်တာမီလန်မှာပဲ ဆက်နေခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ အသင်းခေါင်းဆောင် ရာထူးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။