မက္ကလာရင်အသင်းရဲ့ ဩစတြေးလျဒရိုင်ဗာ ပီယက်စ်ထရီဟာ အခုနှစ် ဖော်မြူလာဝမ်းရာသီရဲ့ ၄ ခုမြောက် ဂရင်းပရီနိုင်ပွဲအဖြစ် မိုင်ယာမီဂရင်းပရီမှာ အနိုင်ရခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ ရက်ဘူးလ်အသင်းရဲ့ ဒရိုင်ဗာ ဗာစတက်ပန်နဲ့ မက္ကလာရင်အသင်းဒရိုင်ဗာ ၂ ယောက်ဖြစ်တဲ့ ပီယက်စ်ထရီနဲ့ နော်ရစ်တို့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အကြိတ်အနယ်လည်း ရှိခဲ့တာပါ။ စတင်တာထွက်ချိန်မှာ စတုတ္ထနေရာကနေ တာထွက်ခဲ့ရတဲ့ ပီယက်စ်ထရီက အကောင်းဆုံးပုံစံနဲ့အတူ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ဦးဆောင်သူနေရာကို ရောက်ရှိလာခဲ့ ပါတယ်။

ပြိုင်ကွင်း ၅၇ ပတ်ပြည့်တဲ့အချိန်အထိ ပီယက်စ်ထရီက ဦးဆောင်သူနေရာကို ဆက်ထိန်း ထားနိုင်ခဲ့ပြီး မိုင်ယာမီဂရင်းပရီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ မက္ကလာရင်အသင်း ဒရိုင်ဗာတွေ ဖြစ်ကြတဲ့ ပီယက်စ်ထရီက ပထမနဲ့ နောရစ်က ဒုတိယရခဲ့ပြီး မာစီးဒီးစ်အသင်းသား ရပ်ဆဲလ်က တတိယ ရခဲ့ကြ ပါတယ်။ ဂရင်းပရီပွဲစဉ် ၆ ခုအပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာ ပီယက်စ်ထရီက ၁၃၁ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး နောရစ်က ၁၁၅ မှတ်၊ ဗာစတက်ပန်က ၉၉ မှတ်နဲ့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။