မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လန်ဒိုနော်ရစ်က ၂၀၂၅ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ဗာစတက်ပန်ရဲ့ ချန်ပီယံဆု ဆက်တိုက်ရယူနေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် နော်ရစ်ဟာ အခုရာသီ ဖော်မြူုလာဝမ်းပြိုင်ပွဲမှာ ဂရင်းပရီနိုင်ပွဲ ၃ ခုအပါအဝင် ရမှတ်ပေါင်း ၃၄၀ ရထားပြီး ဗာစတက်ပန်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အခုရာသီမှာတော့ ဗာစတက်ပန်က ပြီးခဲ့တဲ့ လာ့စ်ဗေးဂတ်စ် ဂရင်းပရီပြိုင်ပွဲအပြီးမှာပဲ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီ ယံဆုကို ၄ နှစ်ဆက်တိုက်ရယူထားနိုင်ခဲ့တာပါ။ အခုရာသီမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့အတွက် ဗာစတက်ပန်ကို အထူးပဲချီးကျူးဂုဏ်ပြုကြောင်း ပြောကြားချင်သလို လာမယ့် ၂၀၂၅ ဖော်မြူလာဝမ်းရာသီမှာတော့ ချန်ပီယံဆု အတွက် စိန်ခေါ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း နော်ရစ်က ပြောသွားခဲ့ပါတယ်။
လန်ဒိုနော်ရစ်ကတော့ ဗာစတက်ပန်ရဲ့ အခုလို ချန်ပီယံဆုတွေ ဆက်တိုက်ရယူနိုင်မှုမှာ ရက်ဘူးလ်အသင်း ပြိုင်ကားရဲ့ အားသာချက်တွေက အဓိကကျခဲ့ပြီး လာမယ့်နှစ်မှာတော့ မက္ကလာရင်အသင်းရဲ့ ပြိုင်ကားက ရက်ဘူးလ်အသင်းပြိုင်ကားထက် ပိုကောင်းအောင် တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောသွားပါတယ်။ မက္ကလာရင်အသင်းဟာ ဖော်မြူလာဝမ်း အသင်းလိုက် ချန်ပီယံဆုကို ၈ ကြိမ်အထိ ရရှိထားပြီး ၁၉၉၈ ခုနှစ်မှာ နောက်ဆုံးရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။