ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုကယ်ဖလားမျှော်လင့်ချက်က တတိယအဆင့်မှာ လေဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့ရမှု နဲ့အတူ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမား နူအာလည်း ကစားသမား ဘဝတစ်လျှောက် ပထမဆုံးအနီကတ်ကို ပြသခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ် နူအာဟာ ဂျာမနီ လက်ရွေး စင်အသင်းအတွက် ကစားခဲ့တဲ့ ၁၂၄ ပွဲနဲ့ ကလပ်အသင်းကစား သမားဘဝ ၇၆၉ ပွဲ ကစားခဲ့ရာမှာ အခုအနီကတ်က ပထမဆုံးအနီကတ်လည်း ဖြစ်ခဲ့ပါတယ်။ ပွဲအစ ၁၇ မိနစ်မှာပဲ လေဗာကူဆင်ကစားသမား ဖရင်းပေါင်ကို ဂိုးစည်း အပြင်ဘက်မှာ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာကြောင့် နူအာ အနီကတ်ပြသခံခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ဒဏ်ရာကြောင့် မပါနိုင်ချိန်မှာ အခုလို ဂိုသမား နူအာ ထုတ်ခံ ခဲ့ရလို့ ဘိုင်ယန် မြူးနစ်အသင်း အားနည်းသွားခဲ့ပြီး လေဗာကူဆင်ရဲ့ ဖိအားပေးမှုအောက်မှာ ရုန်းကန် သွားခဲ့ရပါ တယ်။ အခုပွဲ အတွက် တစ်လုံးတည်းသောသွင်းဂိုးကို လေဗာကူဆင်ကစားသမား တယ်လာက ၆၉ မိနစ်မှာသွင်း ယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက်ကတော့ အခုရှုူံးပွဲက ပြည်တွင်း အမှတ်ပေးနဲ့ ဖလားပွဲစဉ်တွေမှာ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ရပါတယ်။