မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ဒီဘရိုင်းနဲ့ ပြဿနာရှိနေခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်သွားခဲ့ပါတယ်။ လီဗာပူးအသင်းကို (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီဘရိုင်းနဲ့ ဂွာဒီယိုလာတို့ကြား ပြဿနာရှိနေနိုင်တယ်လို့ ကာရေဂါက သုံးသပ်သွားခဲ့တာပါ။ သတင်းတွေထွက်နေ သလို ဒီဘရိုင်းနဲ့သူ့အကြား ပြဿနာဖြစ်ထားတာမျိုး မရှိဘူးလို့ နည်းပြဂွာဒီယိုလာက ပြောပါတယ်။
ဒီဘရိုင်းလို ကစားသမားမျိုးက အသင်းအတွက် အရေးပါလွန်းတာကြောင့် ပွဲထွက်ကစားစေချင်ပေမယ့် ဒဏ်ရာ ပြဿာနာတွေကြောင့် အနားပေးထားရတာဖြစ်တယ်လို့လည်း ဂွာဒီယိုလာက ဆက်လက် ပြောကြားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီဘရိုင်းဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာကြောင့် မန်စီးတီး အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ထားရသူလည်း ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ အခုရာသီမှာ ဒဏ်ရာပြဿနာကြောင့် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရပါတယ်။ မန်စီးတီးအသင်းဟာ အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာ တွေကြောင့် အခက်တွေ့ခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။