အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့က အသင်းရဲ့အင်အားကို ဖြည့်တင်း ဖို့အတွက် အခွင့်အရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာကြောင့် အသင်းရဲ့ကစားသမားတချို့ကို ဆုံးရှုံးထားရပြီး အခက်တွေ့နေရတာပါ။

ဒါကြောင့် အားနည်းနေတဲ့နေရာတွေအတွက် ကစားသမားအသစ်တွေကိုခေါ်ယူဖို့ နည်းပြအာတီတာက စိတ်ကူးရှိနေတာလည်း ဖြစ်ပါ တယ်။ လာမယ့်အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် လိုအပ်တယ်လို့ ခံစားရပြီဆိုတာနဲ့ အသင်းရဲ့အင်အား ကို ဖြည့်တင်းဖို့အတွက် လုပ်ဆောင်သွားမယ်လို့ နည်းပြအာတီတာက ပြောပါတယ်။

ဒဏ်ရာပြဿနာတွေက တစ်ပတ်နဲ့တစ်ပတ် ပြောင်းလဲနေတာမလို့ လိုအပ်ရင်လိုအပ်သလို လူသစ်ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း နည်းပြအာတီတာက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်(၁၅)ပွဲကစားပြီးချိန်မှာ (၈)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၂)ပွဲရှုံး၊ ရမှတ်(၂၉)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေပါတယ်။