စီးပွားရေးလုပ်ငန်းရှင်တွေဆီကို အကြမ်းဖက်သမားအယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေသူနှစ်ယောက်ကို ပြည်သူတွေရဲ့သတင်းပေးချက်အရ အောက်တိုဘာ၂၀ ရက် မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာမှာ ဖမ်းမိခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။
ဖမ်းမိသူရဲ့ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစတင်ပြီး Myanmar Bussiness Directory Application ကနေ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပါတ်တွေကိုရှာဖွေကာ ခြိမ်းခြောက်ပြောဆိုငွေတောင်းခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ ခြိမ်းခြောက်ငွေတောင်းခံမှုအနေနဲ့ လားရှိုး၊ သီပေါ၊ မူဆယ်၊ တောင်ကြီး၊ လွိုင်ကော်၊ ပြင်ဦးလွင်၊ နောင်ချိုနဲ့ မန္တလေးမြို့တွေက စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင် ၂၇ ယောက်ဆီကနေ ကျပ် သိန်း ၂၂၀၀ ကျော်ခြိမ်းခြောက်တောင်းခံခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ခြိမ်းခြောက်ငွေတောင်းခံသူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူသွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်းခြိမ်းခြောက်ငွေတောင်းခံတာကြုံတွေ့ရရင် အလွယ်တကူမယုံကြည်ကြဖို့နဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းမိနိုင်ရေး သက်ဆိုင်ရာကို လျှို့ဝှက်သတင်းပေးဖို့ ထုတ်ပြန်ထားပါတယ်။