မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့ တို့မှာ ကျပ် ၃ ဒသမ ၇ ဘီလီယံကျော်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၆ ရက်၊ ည ၁၀ နာရီခွဲလောက်က တောင်ကြီးမှ ရန်ကုန်ဘက်ကို မောင်းလာတဲ့ PAJERO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ် ကြွရူးသွပ်ဆေးပြား ၅ သိန်းနဲ့အတူ အမျိုးသား တစ်ယောက် နဲ့ အမျိုးသမီး တစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။အလားတူ ဖေဖော်ဝါရီ ၇ ရက်၊ မနက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးကားကြီးဝင်းမှာ အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို Toyota Noan Voxy မော်တော်ယာဉ်တစ်စီး နဲ့အတူ ငါး ခြောက်အိတ်တွေအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉ သိန်းကို ဖမ်းဆီးရမိခဲ့ တယ်လို့လည်း သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖေဖော်ဝါရီ ၇ ရက်၊ မွန်းလွဲပိုင်းမှာ မြဝတီမြို့၊ ၅ ရပ်ကွက်မှာ စိတ်ကြွရူးသွပ်ဆေး ပြားတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ အမျိုးသား တစ်ယောက်ကို ဆိုင်ကယ်တစ်စီးနဲ့ လည်း ကောင်း၊ မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်မှာ အမျိုးသား နှစ်ယောက်ကို Toyota Wish မော်တော်ယာဉ်တစ်စီးနဲ့လည်း ကောင်း အသီးသီး ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ်မှ မြဝတီနယ်စပ်ကို သယ်ဆောင်ရောင်းဝယ်မှာ ဖြစ် ကြောင်း ဖော်ထုတ်သိရပြီး ဖမ်းမိသူ ၇ ယောက်ကို ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။