ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေပြည်သာတံတားအနီး ငွေပင်လယ် စက်မှုဇုန်ရှိ ရေမြောင်းတစ်ခုအတွင်းမှာ မေလ ၂၈ ရက်၊ မနက်ပိုင်းက ရွှေနားကပ်ချွတ်ယူပြီး အသတ်ခံထားရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ယာဉ်မောင်းမိသားစု လူငယ်ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ အောင်သပြေ (၄) လမ်းမှာ နေထိုင်ပြီး ကလေးငယ်ရဲ့ အိမ်ကို မေလ ၂၇ ရက်၊ မနက်ပိုင်းက အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ယောက် အိမ်ဌားဖို့ လာရှာကြောင်း ပြောဆိုပြီး ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ကျုးလွန်သူ အမျိုးသမီးက ကလေးငယ်နဲ့ သူရဲ့ အစ်ကိုတို့ကို မုန့်ဝယ်ကျွေးမယ်ပြောပြီး အပြင်ကို ခေါ် ထုတ်ကာ ကလေးငယ်ရဲ့ အစ်ကိုဖြစ်သူကို အိမ်ပြန်လွှတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ ကလေးငယ်နဲ့အတူ ခေါ်ဆောင်သွားတဲ့ အမျိုးသမီးပါ ပျောက်ဆုံးခဲ့ပြီးကလေးငယ်ရဲ့ ရုပ်အလောင်းကို နောက်တစ်နေ့ မနက်ရောက်မှ ပြန်ရှာတွေ့ခဲ့တာလို့ ယာဉ်မောင်းမိသားစု လူငယ်ပရဟိတ လူမှု ကူညီကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့ချိန်မှာတော့ ရွှေနားကပ်ချွတ်ယူခံထားရပြီး ကျူးလွန်သူ အမျိုး သမီးကိုတော့ ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။အခုဖြစ်စဉ်အပေါ် မိဘတွေအနေနဲ့ အရွယ်ငယ်တဲ့ ကလေးငယ်တွေကို ရွှေငွေ လက်ဝတ်ရတနာတွေ ဆင်ယင် တာတွေ သတိပြုသင့်ပြီး ကလေးငယ်အတွက် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့လည်း ပြည်သူတစ်ယောက် က မှတ်ချက်ပြု ပြောပါတယ်။