မလေးရှားနိုင်ငံကို ပိုဆောင်မယ့် ကျပ် ၂၈၂ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ မူးယစ်ဆေးဝါးသယ် ဆောင် ရောင်းဝယ်သူ ၂၆ ယောက်ကို ဖမ်းမိခဲ့တယ်လို နစက သတင်းထုတ်ပြန်ရေးအဖွဲက မေ ၁၆ ရက်မှာ ထုတ်ပြန် ပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြိုရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ် ပြင်မှာ “အားမာန်သစ်” စက်လှေပေါ်ကနေ သိန်းဇော်၊ အပါအဝင် အမျိုးသား လေးယောက်ကို ပီနံအိတ် ၃၁ အိတ်နဲ့ ထည့်သွင်း တင်ဆောင်လာတဲ့ ICE ၆၁၈ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ဧပြီ ၂၇ ရက်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြိုရဲ့ အနောက်ဘက် ရေမိုင် ၁၈၀ လောက်အကွာ ပင်လယ်ပြင်မှာ ကုန်တင်သင်္ဘောတစ်စီး ပေါ်ကနေ ဆန်းလွင် အပါအဝင် အမျိုးသား ၁၂ ယောက် ကို ပီနံအိတ်ရေ ၂၂၀ နဲ့ ထည့်သွင်းတင်ဆောင်လာတဲ့ ICE (၃၄၇၅) ကီလိုဂရမ်၊ ကတ်တမင်း ကီလိုဂရမ် ၂၀၀၀ နဲ့အတူ ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီမူးယစ်ဆေးဝါးတွေ တင်ဆောင်ပေးခဲ့တဲ့ ချစ်ဆန်းကိုလည်း ဖျာပုံမြိုရှိ အောင်သရဖူ KTV မှာ ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။ဆက်လက်ပြီး ဖမ်းမိသူတွေရဲ့ ထွက်ချက်အရ ဧပြီ ၂၇ ရက်၊ ညနေပိုင်းမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချတဲ့ AA အဖွဲက ထောက်ပံ့ရေး တာဝန်ခံ နေပိုင်လင်း (ခေါ်) အောင်နိုင်ကြွယ် နဲ့အတူ ကွင်းဆက်ကျူးလွန်သူတွေ ဖြစ်တဲ့ ကျော် မင်းသန်း (ခေါ်) မောင်လုံး အပါအဝင်း သုံးယောက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာမြိုနယ်၊ FMI အိမ်ရာ မှာ ထပ်မံ ဖမ်းမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မေ ၁ ရက်၊ မနက်ပိုင်းမှာတော့ နေပိုင်လင်း (ခေါ်) အောင်နိုင်ကြွယ် နဲ့အတူ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချရာမှာ ပါဝင်ခဲ့တဲ့ AA အဖွဲက ထောက်ပံ့ရေးအဖွဲဝင်တွေ ဖြစ်တဲ့ ပိုင်ပိုင်ထွေး (ခေါ်) အောင်နိုင်ထွေး (ခေါ်) အောင်နိုင်သူ (ခေါ်) ပိုင်ပိုင် အပါအဝင် သုံးယောက်ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို နဲ့ မေ ၆ ရက်၊ ညနေပိုင်းမှာ ကွင်းဆက်ကျူးလွန်သူ ကောင်းမြတ်သူ ကို ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြိုနယ် အသီးသီး ဖမ်းဆီးရမိခဲ့တယ်လိုလည်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။ဖမ်းမိသူတွေရဲ့ ဆက်လက်ထွက်ဆိုချက်အရ မေ ၁၁ ရက်၊ ညနေပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်၊ ပုလဲ မြိုသစ်၊ အောင်သပြေလမ်းက နေအိမ်တစ်အိမ်မှာ AA အဖွဲက ထောက်ပံ့ရေး ဒုတိယတာဝန်ခံ နေမြင့်ထွန်း (ခေါ်) ပြည့် စုံ (ခေါ်) လူကြီး ကို ပီနံအိတ် ၃၂ အိတ်အတွင်း ထည့်သွင်းသိုဝှက်ထားတဲ့ ကတ်တမင်း ကီလိုဂရမ် ၁၀၀၀ နဲ့အတူ ထပ် မံ ဖမ်းမိခဲ့တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွေမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူ ကျူးလွန်သူ ၂၆ ယောက်ကို ICE (၄၀၉၃) ကီလိုဂရမ် (ကာလပေါက်ဈေး ၁ ကီလိုဂရမ်ကို ကျပ်သိန်း ၂၅၀)၊ ကတ်တမင်း ကီလိုဂရမ် ၃၀၀၀ ( ကာလ ပေါက်ဈေး ၁ ကီလို ဂရမ်ကို ကျပ်သိန်း ၆၀၀) စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံဖိုး နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ် တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ AA အဖွဲအနေနဲ့ အဖွဲ ရပ်တည်နိုင်ရေး နဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူဖြည့်တင်းနိုင် ရေးအတွက် လိုအပ်တဲ့ ငွေကြေးတွေ ရရှိနိုင်ဖို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေကို ကျယ်ပြန့်စွာ လုပ် ကိုင်လျက်ရှိကြောင်း အခုဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကိုတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြိုနယ်၊ ဝမ် ဟိုင်းကျေးရွာနေ ဖမ်းဆီးဖို ကျန်တဲ့ ကိုစိုင်း၊ ကိုတရုတ် (ခေါ်) စိုင်းအောင်လူ တိုထံကနေ ဝယ်ယူခဲ့တာ ဖြစ်ပြီး မလေး ရှားနိုင်ငံကို ပိုဆောင်ရောင်းချတာ ဖြစ်ကြောင်း ဖော်ထုတ်သိရတယ်လို ထုတ်ပြန်ထားပါတယ်။ဒါ့ကြောင့် ဖမ်းမိသူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဖမ်းဆီးဖို ကျန်တဲ့ ကိုစိုင်း အပါအဝင် နှစ်ယောက် နဲ့ ဆက်စပ်ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းမိနိုင်ရေး ဆောင်ရွက်နေပြီး မူးယစ် ဆေးဝါး သယ်ဆောင်တဲ့ သတင်းတွေ ရရှိပါက သက်ဆိုင်ရာကို လျှိဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း နဲ့ သ တင်းပေးသူ နဲ့ ပူးပေါင်းပါဝင် ဖမ်းဆီးပေးသူတွေကိုလည်း ထိုက်တန်စွာ ဆုငွေတွေ ချီးမြှင့်ပေးမှာ ဖြစ်တယ်လိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။