ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းပေါ်က အလှကုန် စတိုးဆိုင်တစ်ဆိုင်မှာ ဒီဇင်ဘာ ၂၆ ရက်၊ မနက်ပိုင်းက အမျိုးသားတစ်ယောက်က ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

ဆိုင်ရှင်အမျိုးသမီးက ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ယောက်က ဆိုင်အတွင်း ဝင်ရောက်လာကာ ဆိုင်ရှင် ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ဝင်ရောက်လုယက်ခဲ့တာလို့ ဆိုပါတယ်။အဲဒီနောက် ဆိုင်ရှင်က ပြန်လည်ခုခံတဲ့အခါ လုယက်သူက ဓားနဲ့ထိုးရာ ဆိုင်ရှင်ဖြစ်သူမှာ ဓားနဲ့ထိုးသွင်းဒဏ်ရာ သုံးချက် ရရှိပြီး သေဆုံးခဲ့တာလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီစီတီဗီမှတ်တမ်းတွေကို ကြည့်ရှုပြီး ကျူးလွန်သူကို ဖမ်း ဆီးရမိရေး စုံစမ်းဖော်ထုတ်နေပါတယ်။