မုံရွာသင်္ကြန်ပွဲကို အေးချမ်းသာယာသောသင်္ကြန်အဖြစ် သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက် မနက်ပိုင်းက စတင်ပြီး ကန်သာယာ ရေပက်မဏ္ဍပ်တွေမှာ ကျင်းပနေတယ်လို့ သိရပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကို မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန် နှင့် အနောက်ဘက် ကန်သာယာ ကန်ကြား မုံရွာ-မန္တလေး ဗိုလ်ချုပ်ကားလမ်းမ ပေါ်မှာ ကျင်းပတာ ဖြစ်ပြီး ဗဟိုမဏ္ဍပ်အပြင် ဝန်ကြီးဌာန မဏ္ဍပ် (၄) ခု တည်ဆောက် ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်တဲ့အတွက် မဏ္ဍပ်တွေမှာ အပျော်အပါး သီဆို ကခုန်မှုတွေ မပါ ဝင်ဘဲ ရိုးရာယဥ်ကျေးမှု နဲ့ အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပတာ ဖြစ်ပြီး စတုဒိသာကျွေးမွေး လှူ ဒါန်းမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ပထမဆုံး ကျင်းပမဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို တီးမှုတ် ကခုန်မှုတွေ မပါဘဲ အေးချမ်းစွာနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ စီစဉ်သွားမယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။