အခုနှစ် မုံရွာသင်္ကြန်မှာ လူငယ်တွေရဲ့ မြန်မာ့ရိုးရာ သနပ်ခါးလိမ်းပေးတဲ့ ယဉ်ကျေးမှုကို နေရာစုံမှာ တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာတော့ သင်္ကြန်ရေကစားသူတွေ နဲ့ ရေပက်ခံကားတွေနဲ့ အလည်အပတ်ရေကစားသူတွေ အရင်နှစ် ကထက် နည်းပါးပေမယ့် စတုဒိသာကျွေးမွေးလှူဒါန်းတာတွေအပြင် သနပ်ခါးလိမ်းပေးတဲ့ ယဉ်ကျေးမှုကို ပိုမိုတွေ့ လာရတယ်လို့ ဆိုပါတယ်။

အခုနှစ်မှာ တွေ့မြင်ရတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သနပ်ခါးလိမ်းပေးတဲ့ ဓလေ့ကို မြင်တွေ့ရတာဟာ နှစ်သစ်ရဲ့ ကောင်းတဲ့ နိမိတ်တွေ ဖြစ်သလို အခုအစဉ်အလာကို အားပေးဖော်ထုတ်ပြီး နေရာများများမှာ လုပ်ဆောင်ပေးဖို့ လို အပ်တယ်လို့လည်း ဒေသခံတစ်ယောက်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

အခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပတာဖြစ်ပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကို သရုပ်ဖော်တဲ့ကဏ္ဍလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အတွက် အခုနှစ်သင်္ကြန်ပွဲတော်မှာ သီဆိုကခုန်ဖျော်ဖြေမှုတွေမပါဝင်ဘဲ ရိုးရာအစဉ်အလာမပျက် အေးချမ်းသာယာတဲ့သင်္ကြန်၊ အေးသင်္ကြန်အနေနဲ့ပဲ ကျင်းပနေတာြဖစ်တယ်လို့ သိရပါတယ်။