မန္တလေးမြိုမှာ ဧပြီ ၅ ရက်၊ ညပိုင်းက လေပြင်းတိုက်ပြီး မိုးရွာသွန်းမှုကြောင့် ယာယီတဲတွေ ပျက်စီးခဲ့ပြီး သုဓမ္မာဇရပ်နဲ့ ဇရပ်အနောက်ဘက်တွေမှာ ယာယီနေထိုင်ခိုလှုနေထိုင်သူတွေအတွက် အစားသောက်၊ ဆေးဝါးနဲ့ အမိုးအကာ၊ ယာယီတဲ၊ စောင်၊ ခြင်ထောင်နဲ့ ခေါင်းအုံးတွေ အရေးပေါ် လိုအပ်နေတယ်လို သိရပါတယ်။

လေပြင်းတိုက်ပြီး မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့်ပြည်သူတွေ ယာယီခုလှုနေတဲ့ ကျုံးဘေးပတ်လည်က ယာယီတဲတွေ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြိုနယ်၊ ၆၅ လမ်း၊ တောင်ဘက် ၁၂ လမ်း၊ ကျုံးမြိုရိုး မြောက်ဘက်မှာရှိတဲ့ သုဓမ္မာဇရပ်နဲ့ ဇရပ်အနောက်ဘက်တွေမှာ ယာယီနေထိုင်ခိုလှုနေထိုင်ကြတယ်လို သိရပါတယ်။

ယာယီခိုလှုသူတွေအနေနဲ့ အဓိက လိုအပ်တာကတော့ ယာယီတဲတွေနဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေ လိုအပ်နေတယ်လို ငလျင်ဒဏ်သင့် ပြည်သူတွေက ပြောပါတယ်။ အလှူရှင်တွေက စားသောက်ဖွယ်ရာတွေ လာရောက်လှူဒါန်းတာတွေရှိကြပေမယ့် ငလျင့်ဒဏ်သင့် ယာယီ ခိုလှုနေသူ တချိုသာ ရရှိကြပြီး အစားအသောက်တွေ လိုအပ်နေဆဲလို သိရပါတယ်။