မန္တလေးမြို့ရဲ့ အဓိကလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ လမ်းမကြီးတွေမှာ အချိန်ပိုင်း ယာဉ်ကြောကျပ် တည်းမှုတွေရှိရင် ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် ရွေ့လျားမီးပွိုင့်တွေ တပ်ဆင်ရေး စမ်းသပ် ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မန္တလေးမြို့ရဲ့ အဓိက မီးပွိုင့်ကြီးတွေနဲ့ လမ်းကျဉ်းပြီး အချိန်ပိုင်း ယာဉ်ကြောကျပ်တည်းတဲ့ လမ်းဆုံနေရာတွေမှာ ရွေ့လျား မီးပွိင့်တွေကို အသုံးပြုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရွေ့လျားမီးပွိုင့်တွေရဲ့ အားသာချက်ကတော့ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရင် မီးပွိုင့်တွေမှာ ယာဉ်ကြောကျပ်တည်း တာတွေ မဖြစ်ဘဲ ပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် ယာယီအစားထိုးအဖြစ် ထားရှိသွားမှာ ဖြစ်ပါတယ်။

ဒီရွေ့လျားမီးပွိုင့်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ စမ်းသပ် တီထွင်ထားတာဖြစ်ပြီး ဆိုလာစနစ်နဲ့ ဆောင်ရွက်ထားတာကြောင့် အရေးပေါ် ဖြစ်ပေါ်လာရင် ပြည်သူတွေ ယာဉ် အန္တရာယ် ကင်းရှင်းစေဖို့ အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။