စစ်ကိုင်းတိုင်းဒသကြီး၊ ကလေးမြို့နယ်မှာ ကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော် နဲ့ ဘိန်းဖြူ ၂၉ ကီလိုကျော် နဲ့အတူ ကျူးလွန်သူ ၆ ယောက်ကို ဖမ်းမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအနီးမှာ စက်တင်ဘာ ၁၄ ရက်၊ ညနေပိုင်းက ငြိမ်းချမ်းမောင် (ခေါ်) ကုလားလေး မောင်းနှင်လာတဲ့ FORLAND မော်တော် ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာ ၁၉ ရက်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ် ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ထူးအောင်ကျော်ကို စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ် လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့မှ ကလေးမြို့ကို သယ်ဆောင်ခိုင်းသူ မှာ မန်တုံမြို့နယ်နေ ဖမ်းဆီးဖို့ ကျန်တဲ့ ယောရှု ဖြစ်တယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းကွင်းဆက်အရ အောက်တိုဘာ ၁၃ ရက်၊ ညနေပိုင်းမှာ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်မှာ ကျော်ဌေး မောင်း လာတဲ့ FORLAND မော်တော်ယာဉ်ပေါ်ကနေ ဘိန်းဖြူ ၂၉ ဒသမ ၂၃ ကီလိုကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းမိတဲ့ ဘိန်းဖြူတွေကို ဝယ်ယူသူ ပေါင်ရှန်းဟောက် (ခေါ်) ကိုချင်းကိုလည်း အဲဒီနေ့ ညနေပိုင်းမှာပဲ ကလေးမြို့၊ စက်မှုဇုန်သွားလမ်းမှာ မော် တော်ဆိုင်ကယ် တစ်စီးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူတွေကို မိုင်းရယ်မြို့ကနေ ကလေးမြို့နယ်ကို တာဝန်ခံသယ်ဆောင်းခဲ့ သူတွေ ဖြစ်တဲ့ လီလေး ကိုလည်း အောက်တိုဘာ ၁၃ ရက်၊ ညနေ ၆ နာရီလောက်မှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ် ကွက်ရှိ ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့ပြီး နောက်ထပ် တစ်ယောက်ဖြစ်တဲ့ စိုးမြင့် (ခေါ်) ကုလားလေး ကို အောက်တိုဘာ ၁၆ ရက်၊ ညနေ ၅ နာရီလောက်မှာ လားရှိုူးမြို့၊ ရပ်ကွက် (၇) မှာ အသီးသီး ဖမ်းမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့ကနေ စစ် ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကို သယ်ဆောင်ရောင်းဝယ်တာ ဖြစ်ကြောင်း သိရတဲ့အတွက် ဖမ်းမိသူတွေကို မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုူ ကျူးလွန်သူ တွေကို ဆက် လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။




