အခုအခါ မြွေတွေဟာ နေရင်းဒေသတွေ ဆုံးရှုံးလာတာ၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာတာနဲ့ လူတွေရဲ့ မဆင်မခြင် သတ်ဖြတ်တာတွေကြောင့် မြွေကောင်ရေ လျော့နည်းလာရတာ စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံ တွေ့နေရတဲ့အတွက် ဂေဟစနစ်မှာ လွန်စွာအရေးပါတဲ့ မြွေတွေကို ကာကွယ်ပေးနိုင်ဖို့လိုအပ်နေတယ်လို့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။
ဇူလိုင်လ (၁၆ ) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့မြွေထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်က အသိပညာပေးထုတ်ပြန်ရာမှာ အခုလိုပါရှိတာ ဖြစ်ပါတယ်။
မြွေတွေဟာ ဂေဟစနစ်မှာလည်း အရေးပါတဲ့ တွားသွားသတ္တဝါဖြစ်ပြီး သဘာဝပိုးမွှားထိန်းချုပ်မှု တာဝန်တွေကို ပရဟိတလုပ်ဆောင်ပေးနေတဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အဲဒီအပြင် မြွေမျိုးစိတ်ပေါင်း ၃၄၀၀ ကျော်ရှိတဲ့အနက်က အဆိပ်ရှိတဲ့ မြွေမျိုးစိတ် ၃၀၀ ကျော်ရှိကာ အဲဒီအထဲက မျိုးစိတ်ထက်ဝက်ခန့်သာ ပြင်းထန်တဲ့အဆိပ်ရှိပြီး အကိုက်ခံရရင် လူကိုသေစေနိုင်တယ်လို့လည်း ဖော်ပြချက်အရ သိရှိရပါတယ်။