လာမယ့် ၂၀၂၅ မှာ စတင်မိတ်ဆက်ရောင်းချတော့မယ် iPhone 17 ဖုန်းတွေမှာ ၆ လက်မအရွယ်အစားရှိတဲ့ OLED မျက်နှာပြင် စတင်အသုံးပြုတော့မှာဖြစ်တယ်လို့ Apple ကုမ္ပဏီက တရားဝင် ကြေညာထားပါတယ်။ ဆန်းသစ်မှု အသစ်အဆန်းတွေဖြစ်တဲ့ OLED မျက်နှာပြင် အပြင် built-in စပီကာနဲ့ ကင်မရာတို့ပါရှိတဲ့ “ Command Center” ကိုလည်း ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။

“ Command Center” ကိရိယာက အပြန်အလှန်ဆက်သွယ်မှုနဲ့ ထိန်းချုပ်မှုအတွက် ဒီဇိုင်းထုတ်ထားပြီး ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ iPhone 17 စီးရီးနဲ့အတူ ပွဲဦးထွက် ထွက်လာဖွယ်ရှိတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောကြားထားပါတယ်။ ဒါ့အပြင် Home Pod နဲ့ iPad အကြား ပေါင်းစပ်ထားတဲ့ homeOS လို့ခေါ်တဲ့ OS အသစ်ကိုလည်း ၂၀၂၅ ခုနှစ် မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Apple အနေနဲ့ ချစ်ပ်ပြားတွေဘက်ကို အလေးပေး ပြောင်းလဲတာ က ဂေဟစနစ်တစ်လျှောက် ပေါင်းစည်းမှုကို မြှင့်တင်ဖို့ဖြစ်ပြီး ချစ်ပ်ပြား အသစ်တွေက iPhone 17 စီးရီးမှာ ပထမဆုံး ထည့်သွင်းမှာဖြစ်ပြီး နောက်ပိုင်း Mac နဲ့ iPad မော်ဒယ်တွေမှာလည်း တိုးချဲ့သွားဖို့ရှိတယ်လို့ သိရပါတယ်။