ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ATR Computational Neuroscience Laboratories က သိပ္ပံပညာရှင်တွေဟာ အိပ်မက် တွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့်နိုင်တဲ့ နည်းပညာတစ်ခုကို တီထွင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီနည်းပညာကို “ Dream Decoding” လို့ ခေါ်ပြီး fMRI (functional Magnetic Resonance Imaging)လိုမျိုး ဦးနှောက် ပုံရိပ်ဖော် စက်တွေကို အသုံးပြုပြီး အိပ်ပျော်နေသူရဲ့ ဦးနှောက်လှုပ်ရှားမှုကို တိုင်းတာခွဲခြမ်း စိတ်ဖြာနိုင်မှာ ဖြစ်ပါတယ်။

ATR Computational Neuroscience Laboratories က ဦးဆောင်သုတေသီတစ်ဦးက သူ့အဖွဲ့ဟာ ဒီနည်းပညာ ကို နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်နေကြတာပါ။ လက်ရှိမှာတော့ ရိုးရှင်းတဲ့ ပုံရိပ်တွေကို အကန့်အသတ်နဲ့ပဲ ဖော်ထုတ်နိုင်သေးပေမဲ့ ဒါဟာ အိပ်မက်သုတေသနအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပြောပါ တယ်။သူတို့တီထွင်ဖို့ ကြိုးစားနေတဲ့စက်ရဲ့ တိကျတဲ့နာမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားတာ မရှိသေးပေ မဲ့ ဒီစက်ဟာ အဆင့်မြင့် fMRI စက်နဲ့အတူ အိပ်မက်အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အထူးပြု software တွေကို အသုံးပြုမယ်လို့ ယူဆရပါတယ်။

ဒီနည်းပညာသာ အောင်မြင်လာရင် စိတ်ကျန်းမာရေးနယ်ပယ်မှာ အိပ်မက်ဆိုးတွေ၊ စိတ်ဒဏ်ရာတွေကို ကုသဖို့ နည်းလမ်းသစ်တွေ ပေါ်လာနိုင်သလို အနုပညာနဲ့ တီထွင်ဖန်တီးမှု နယ်ပယ်တွေမှာလည်း အိပ်မက်တွေကို လှုံ့ဆော်မှု အရင်းအမြစ်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေရဲ့ မသိစိတ်နဲ့ အတွင်းစိတ် ခံစားချက် တွေကို ပိုနားလည်လာနိုင်ပြီး ကိုယ်ပိုင်အိပ်မက်မှတ်တမ်းတွေကို သိမ်းဆည်းထားနိုင်မယ့် အခွင့်အရေးလည်း ရှိလာနိုင်မှာ ဖြစ်ပါတယ်။