Open AI ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကတည်းက ChatGPT Search Engine ကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သုံးစွဲသူအများအပြားကိုအချိန်အတော်အကြာလွှမ်းမိုးထားနိုင်တဲ့ Google Search Engine ကိုယှဉ်ပြိုင်နိုင်ဖို့အတွက် ChatGPT Search Engine ကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ChatGPT ရဲ့ AI ရှာဖွေမှုအတွေ့အကြုံသစ်ဟာ သုံးစွဲသူတွေအတွက် ပိုမိုအရှိန်မြှင့်သုံးစွဲနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် အခုလို ChatGPT Search Engine ကို အခမဲ့သုံးစွဲခွင့်ပေးခဲ့တာဖြစ်တယ်လို့ Open AI က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ChatGPT ကိုဝင်ရောက်အသုံးပြုသူတွေဟာ Search Engine ဝဘ်ဆိုက်ကိုရှာဖွေနိုင်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့သုံးစွဲသူတွေအားလုံးလည်း Search Engine ပလက်ဖောင်းတိုင်းကို စတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OpenAI ထုတ် Search Engine မှာ ပိုမိုမြန်ဆန်တဲ့ မိုဘိုင်းပုံစံသစ်နဲ့ မြေပုံတွေအပြင် လာမယ့် ရက်အနည်းငယ်အတွင်းမှာလည်း ရှာဖွေမှုအတွက် အဆင့်မြင့်အသံမုဒ်ကို စတင် ဖွင့်ပေးတော့မှာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောပါတယ်။