၂၀၁၉ ခုနှစ်က Autopilot စနစ်သုံး Tesla Model S ကားနဲ့ ယာဉ်တိုက်မှုအတွက် Tesla မှာ တာဝန်ရှိတယ်လို့ သြဂုတ် ၁ ရက်က ဖလော်ရီဒါတရာရုံးက ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီယာဉ်တိုက်မှုမှာ သေဆုံးသွားသူအမျိုးသမီးရဲ့ မိသားစုနဲ့ ဒဏ်ရာရခဲ့သူအတွက် နစ်နာကြေး ဒေါ်လာ ၁၂၉ သန်းနဲ့ ဒဏ်ကြေး ဒေါ်လာသန်း ၂၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၉ သန်း ပေးဆောင်ရမယ်လို့ အမိန့်ချမှတ် ခဲ့တာကို The Strait Times သတင်းမှာ ပါရှိလာတာပါ။

တရားလိုရှေ့နေက Tesla ဟာ Autopilot စနစ်ကို အဝေးပြေးလမ်းမကြီးတွေအတွက်ပဲ ဒီဇိုင်းထုတ်ထားပေမယ့် တခြားနေရာတွေမှာ အသုံးပြုတာကို ကန့်သတ်မထားဘူးလို့ပြောပြီး ဒီစီရင်ချက်က သေဆုံးသွားရတဲ့ Naibel နဲ့ တစ်သက်တာ ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ Dillon တို့အတွက် တရားမျှတတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Tesla ကတော့ ချက်ချင်းပြန်လည်ပြောကြားထားတာ မရှိသေးဘူးလို့ သိရပါတယ်။

Tesla ရဲ့ အကြံပေးရှေ့နေ Brett ကတော့ ထိန်းချုပ်-ဝင်ရောက်နိုင်တဲ့ အဝေးပြေးလမ်းတွေအတွက် Autopilot ကို ဒီဇိုင်းထုတ်ခဲ့ပေမယ့် အခြားလမ်းတွေပေါ်မှာတော့ အသုံးပြုမှုကို ကန့်သတ်ဖို့ ပျက်ကွက်ခဲ့သလို စနစ်အပေါ် အလွန်အကျွံ မှီခိုအားထားမှုကြောင့် အခုလို ဖြစ်ရတာလို့ ပြောကြားထားပါတယ်။