WhatsApp နဲ့ Google Play အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ အင်တာနက် ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက် ကြောင်း အီရန်တာဝန်ရှိသူတွေက ပြောကြားထားတာကို Reuters သတင်းမှာ ရေးသားထားပါတယ်။
ဒီလို တားမြစ်ချက်တွေ ရုပ်သိမ်းပေးခဲ့ပေမယ့် နိုင်ငံအတွင်းမှာ အလွန်ပြင်းထန်တဲ့ အင်တာနက် ထိန်းချုပ်မှုတွေကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
WhatsApp ပိတ်ပင်မှုကို ဖယ်ရှားပေးမှာဖြစ်ပေမယ့် Facebook နဲ့ Instagram အသုံးပြုခွင့်ကိုတော့ ဆက်လက် ပိတ်ဆို့ထားမှာဖြစ်တယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ အင်တာနက် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့လည်း အီရန် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီးက ပြောကြားထားပါတယ်။