Neom Desert Megacity ဆောက်လုပ်ရေးအတွက် စက်ရုပ်တွေကို ဖြန့်ကြက်အသုံးပြုမှာဖြစ်ကြောင်း ဆော်ဒီက ထုတ်ပြန်ထားတာကို Medium သတင်းမှာ ရေးသားထားပါတယ်။
ဆော်ဒီဟာ သဲကန္တာရကို ရည်မှန်း ချက်ကြီးတဲ့ ဆောက်လုပ်ရေးပရောဂျက်အဖြစ် အသွင်ပြောင်းနေတာဖြစ်ပြီး စက်ရုပ်တွေဟာ လုပ်ငန်းစဉ် အရှိန် မြှင့်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။Neom ပရောဂျက်ဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး ရေနံကနေ ခရီးသွားလုပ်ငန်းကဏ္ဍအဖြစ် ပြောင်းလဲဖို့လည်း တစ်စိတ်တစ်ပိုင်း ရည်ရွယ် ထားတာဖြစ်ပါတယ်။
မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဌာန Neom Investment Fund (NIF)ရဲ့ အဆိုအရ ဆောက်လုပ်ရေး စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ဥရောပအခြေစိုက် GMT စက်ရုပ်ထုတ်လုပ်ရေးမှာ သိသိသာသာ ရင်းနှီးမြှုပ်နှံ ထားတာဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေဟာ Neom ပရောဂျက်တွေမှာ အသုံးပြုမယ့် ကွန်ကရစ် အမြောက်အမြား အတွက် အရေးကြီးတဲ့ rebar ထုတ်လုပ်ဖို့အတွက် အဓိကထားဆောင်ရွက်မှာ ဖြစ်ပါတယ်။