Nasa အာကာသယာဉ်ဟာ နေရဲ့အနီးအနားကို အနီးကပ်ဆုံး ချဉ်းကပ်ပြီး သမိုင်းသစ်ဝင်ဖို့ ကြိုးပမ်းနေကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။ Nasa အာကာသယာဉ်ဟာ နေအနီးကို ၂၁ ကြိမ်တိတိ ဖြတ်သန်းမှုတွေ ပြုလုပ်ခဲ့ပြီး နှစ်သစ်ကူးည မတိုင်ခင်မှာ သမိုင်းသစ်တင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Parker Solar Probe ထုတ်ပြန်ချက်အရ Nasa အာကာသယာဉ်ဟာ အပြင်ဘက်လေထုထဲကို ထိုးဆင်းနေပြီး ပြင်းထန်တဲ့ အပူချိန်နဲ့ ရောင်ခြည်တွေကို ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။ပျံသန်းမှုအတွင်း ရက်အတော်ကြာ ဆက်သွယ်ရေးပြတ်တောက်နေပြီး သိပ္ပံပညာရှင်တွေက ဆက်လက် ရှင်သန် ခြင်း ရှိမရှိကို သိရှိနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အချက်ပြမှုကို စောင့်ဆိုင်းနေမှာ ဖြစ်ပါ တယ်။
လူတွေဟာ ရာစုနှစ်ပေါင်းများစွာ နေကို လေ့လာခဲ့ကြပေမယ့် နေအနီးအနားကို တကယ်သွားလာနိုင်မယ့် လမ်းစဉ်ကိုတော့ မစဉ်းစားမိကြပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ နေအနီးက နေရာတစ်ခုရဲ့ လေထုကို ခံစားသိရှိ နိုင်ဖို့အတွက် အခုလို ဆောင်ရွက်တာဖြစ်တယ်လို့ Nasa က သိပ္ပံပညာရှင်တစ်ယောက်က ပြောကြားထားပါတယ်။